ကိုရီးယား အလှကုန်များ (Korea Skin Care Products)

ကိုရီးယားခရီးတုန်းက ၀ယ်လာခဲ့တဲ့ အလှကုန်လေးတွေပါ။ အရင်တုန်းက skin care ဆိုတာ ဘာမှန်းမသိ၊ ကြားပဲ ကြားဖူးပြီး တစ်ခါမှ ဂရုမစိုက်ဖူးတဲ့ ဘ၀ကနေ ဒီခရီးစဉ်မှာတော့ ထပ်ခါတလဲလဲကြားရဖန်များလို့ စိတ်ဝင်စားပြီး ၀ယ်ဖြစ်ခဲ့တာပါ။ ခရီးက ပြန်လာပြီးချိန်ကတည်းက ၀ယ်လာတဲ့ ပစ္စည်းလေးတွေသုံးရင်း ဆက်တိုက်သုံးဖြစ်သွားပါတယ်။ အောက်မှာ ပြထားထဲ့ ဈေးတွေက ကိုရီးယားဝမ်အနေနဲ့ပါ။  တစ်ချို့လည်း ဘောင်ချာတွေ ပျောက်သွားလို့ ဈေးမသိတော့ပါ။ စင်ကာပူ ဒေါ်လာနဲ့ ပြန်တွက်ကြည့်တော့ စူပါမာ့ကက်တွေက ကောင်တာဈေးတွေနဲ့ စာရင် သက်သာပေမယ့် အွန်လိုင်း စတိုး (e.g qoo10.sg) တွေနဲ့ စာရင်တော့ ဈေးနဲနဲ ပိုကြီးပါသေးတယ်။

သူတို့ ပြောတဲ့ skin care steps တွေက ဒီလိုပါ။
၁။ Exfoliator (Peeling/Scrub) - မျက်နှာက ချေးညှော်တွေကို ရှင်းပေးပါတယ်။ သေနေတဲ့ဆဲလ်အဟောင်းတွေကို ရှင်းပေးပါတယ်။ တစ်ပတ်တစ်ခါ လုပ်သင့်ပါတယ်။
၂။ Cleanser (Facial Foam) မျက်နှာသစ်ဆပ်ပြာ - ဒါကတော့ မျက်နှာပေါ်က ဖုန်တွေ ချေးတွေကို သန့်စင်ပေးပါတယ်။  နေ့စဉ် မနက်တစ်ခါ ညတစ်ခါ သုံးပါ။
၃။ Toner (Refresher) - မျက်နှာသစ်ပြီးစ အစိုဓာတ်ကို ညှိပေးသည်။  နေ့စဉ် မနက်တစ်ခါ ညတစ်ခါ သုံးပါ။
၎။ Essence - မျက်နှာကို ချောမွေ့စေပြီး ကြညလင်တောက်ပစေသည်။  နေ့စဉ် မနက်တစ်ခါ ညတစ်ခါ သုံးပါ။
၅။ Moisturizer  (Emulsion) - အစိုဓာတ်ကို အသားထဲထိ စိမ့်ဝင်စေပြီး မျက်နှာစိုပြေစေသည်။ နေ့စဉ် မနက်တစ်ခါ ညတစ်ခါ သုံးပါ။
၆။ Sun cream - အပြင်သွားမယ်ဆိုရင်တော့ sun cream ကို မဖြစ်မနေသုံးပါ။
၇။ Night cream (sleeping pack) - ညအိပ်ရာဝင်ခါနီးတိုင်း မျက်နှာရဲ့အစိုဓာတ်ကို အိပ်နေစဉ် ထိန်းသိမ်းထားဖို့ ညတိုင်းသုံးပါ။

သူတို့တွေတကယ် အဲဒိ အဆင့်တွေအတိုင်းသုံးတယ်လို့ ဆိုကြပါတယ်။ ဒါတောင် eye cream တို့ facial mask တို့ ampoule တို့ ထည့်မပြောတော့ပါဘူး။ အဲဒါတွေက အထူးသုံးတွေဖြစ်ပါတယ်။

Facial Masks
လက်ဆောင်ပေးဖို့ ၀ယ်လာဖြစ်တဲ့ masks လေးတွေပါ။
Esfolio Green Tea Essence Mask Sheet (10 pcs)  - 9600 ကိုရီးယားဝမ်
Esfolio Aloe Tea Essence Mask Sheet (10 pcs)  - 9600 ကိုရီးယားဝမ်
Odbo Vitamin C Essential Brightening Mask (1 pcs) - 1160 ကိုရီးယားဝမ်
Odbo Vitamin C Essential Brightening Mask (1 pcs) - 1160 ကိုရီးယားဝမ်

Laneige
ဒီတံဆိပ်ကိုတော့ ကြေငြာမင်းသမီး (song hye kyo) ကို သဘောကျပြီး စမ်းသုံးကြည့်ရာကနေ အခုချိန်မှာ ပင်တိုင်သုံးဖြစ်သွားပါတယ်။ သုံးဖူးသမျှထဲမှာ စိတ်တိုင်းမကျစရာ မပါတဲ့အပြင် ဈေးလည်း မဆိုးဘူး ထင်ပါတယ်။ အပေါ်က ပြောသလို အွန်လိုင်း စတိုးတွေက ၀ယ်ရင်ပေါ့လေ။


Laneige Water Sleeping Pack (80ml) - 25,000 ကိုရီးယားဝမ်
ဒါက Laneige နဲ့ product series ထဲက နာမည်ကျော် ထုတ်ကုန်ပါ။  ညအိပ်ရာမ၀င်ခင် လိမ်းပြီး မနက်ကျမှ တစ်ခါတည်း မျက်နှာသစ်လိုက်ရုံပါပဲ။ ညအိပ်နေစဉ် မျက်နှာရဲ့ အစိုဓာတ်ကို တစ်ညလုံး စိမ့်ဝင်စေပြီး မနက်မှာ မျက်နှာလေး စိုစိုဝင်းဝင်းလေး ဖြစ်စေပါတယ်။ လိမ်းစမှာ အနည်းငယ်စေးကပ်ကပ်နိုင်ပေမယ့် ခြောက်သွားရင် အဆင်ပြေသွားပါပြီ။ ဒီမှာ ၀ယ်လို့ရပါတယ်။


 (ပုံကို google မှယူပါသည်။)

Laneige Whitening BB Cushion (15g) - 37,000 ကိုရီးယားဝမ်
ဒါကတော့ ကိုရီးယား BB cream ရဲ့နောက်ပုံစံတစ်မျိုးပါ။ ဘီဘီကရင်တွေလို အရမ်းဆွဲစရာမလိုပါဘူး။ Makeup foundation အနေနဲ့ သုံးပါတယ်။ moisturizer လိမ်းအပြီးမှာ သူရဲ့ puff လေးနဲ့ ဖိဖိပြီး လိုက်တို့ ပေးရပါတယ်။ ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ အရောင်ရွေးပြီး ၀ယ်လို့ရပါတယ်။ ဗူးတစ်ဗူးထဲမှာပဲ refill တစ်ခု ထပ်ပါတာကြောင့် အချိန်တော်တော်ကြာ (၄ လကနေ ၆ လအထိ) သုံးလို့ရပါတယ်။ ဒီမှာ ၀ယ်လို့ရပါတယ်။

The Faceshop


The Faceshop Rice Water Bright cleansing foam - လွန်ခဲ့တဲ့ ၃ နှစ်လောက်ကနေ ခုထိ သုံးနေတဲ့ မျက်နှာသစ်ဆပ်ပြာပါ။ ဘယ်လောက်ကြိုက်လဲဆိုတာတော့ ပြောနေစရာ မလိုတော့ဘူးပေါ့နော်။ ဒီမှာ ၀ယ်လို့ရပါတယ်။ 

The Faceshop Whie Tree Snow exfoliating form cleanser - ဒါကတော့ မျက်နှာချေးချွတ်ဆပ်ပြာပါ။ မဆိုးပါဘူး။ ကြမ်းကြမ်းကြီးလည်းမဟုတ်ဘဲ အနေတော်လေးပါ။ ဒါပေမယ့် သုံးလေ့သုံးထ သိပ်မရှိတာနဲ့ အဲဒိဝယ်လာတဲ့ တစ်ခါပဲ သုံးပြီး ထပ်မ၀ယ်ဖြစ်တော့ပါ။ 

The Faceshop Chia Seed Watery Toner - သူ့ skin care အဆင့်တစ်ဆင့်အနေနဲ့ တိုနာ သုံးမယ်ဆိုတော့ ဒါလေးမဆိုးပါဘူး။ ဒါပေမယ့် ပျော့ပါတယ်။ watery ဆိုတဲ့အတိုင်းပဲ ရေအတိုင်းပါပဲ။ အနံ့လည်း ဖျော့ဖျော့လေးပါ။ တိုနာကို စစမ်းသုံးကြည့်ချင်ပြီး မျက်နှာနဲ့ ဓာတ်မတည့်မှာ ကြောက်တဲ့သူတွေ စမ်းလို့ အဆင်ပြေမယ်ထင်ပါတယ်။ ဒီမှာ ၀ယ်လို့ရပါတယ်။ 

The Facesohp Chia Seed Watery Lotion - ဒါကလည်း သူ့စီးရီးထဲက တိုနာနဲ့ အတွဲပါ။ နို့ကျဲကျဲလေးလို ဖြူဖြူပျစ်ပျစ်နဲ့ လိမ်းရတာ အရမ်းကို အဆင်ပြေပါတယ်။ တိုနာနဲ့ စာရင် ဒီလိုးရှင်းကို သဘောပိုကျပါတယ်။ ဒီမှာ ၀ယ်လို့ရပါတယ်။ 
  
The Faceshop Face It Artist Finger Gloss - နုတ်ခမ်းနီတစ်တောင့်မှ မရှိလို့ သူဝယ်စေချင်တဲ့ ၀ယ်လာခဲ့တဲ့ lip gloss ပါ။ ခုချိန်ထိသုံးဆဲပါ။ ဆိုးပြီး အကြာကြီးတော့ မခံပါဘူး။



The Faceshop NEO CLASSIC HOMME BLACK ESSENTIAL MEN'S CC CREAM - ဒါကတော့ သုံးစေချင်လို့ သူ့အတွက် ၀ယ်ပေးတဲ့ ယောက်ျားလေးသုံး မိတ်ကပ် (cc cream) ပါ။ ဆိုင်မှာ သေသေချာချာ စမ်းခဲ့ပါတယ်။ မျက်နှာကို မိတ်ကပ် အရောင်လုံးဝမထင်ဘဲ ကြည်ကြည်ပြောင်ပြောင်လေးဖြစ်နေလို့ ကိုယ်က သဘောတော်တော်ကျပြီး ၀ယ်ပေးလိုက်တာပါ။ ကိုရီးယားမှာ နေတုန်း အရမ်းအေးတော့ မျက်နှာ်တွေ ခြောက်လို့ သူသုံးပေမယ့် စင်ကာပူပြန်ရောက်ကတည်းက မသုံးတော့ပါဘူး။ ($$ ပလုံ :P ) စိတ်ဝင်စားရင်တော့ ဒီမှာ ၀ယ်လို့ရပါတယ်။

Etude House


Etude House Hand Cream
(1) You Did It, Almost There (Floral Musk)
(2) Don’t Worry, I’m on Your Side (Powdery Citrus)
(3) It’s Fine, All is Well ( Citrus Floral)
(4) Good Luck, You are the Best (Floral Fruity Woody)
သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ ၀ယ်လာတဲ့ hand cream လေးတွေပါ။  ပေးရင်းနဲ့ ကိုယ့်အတွက် မကျန်လို့ စမ်းမသုံးလိုက်ရပါဘူး။ သူငယ်ချင်းတွေက သုံးပြီး အရမ်းသဘောကျကြပါတယ်။ ကောင်းတယ်၊ သုံးပြီး စေးကပ်ကပ် ဖြစ်မနေဘူးလို့ feedback ပြန်ပေးကြပါတယ်။အခု ညွှန်းဖို့ သူ့ ၀က်ဘ်ဆိုဒ်မှာ ပြန်ရှာကြည့်တော့ မတွေ့တော့ပါဘူး။ ကြည့်ရတာ ဗားရှင်း အမျိုးမျိုးထုတ်နေပုံရပါတယ်။ ဟန်းခရင် အသစ် ဒီဇိုင်းလေးတွေတော့ ဒီမှာ ကြည့်လို့ရပါတယ်။ qoo10 မှာတော့ ရောင်းနေဆဲပါ။ ဒီမှာ ၀ယ်လို့ရပါတယ်။ 



တိုးဂိုက်ကတော့ ဒီတံဆိပ်ကို သူတို့ နိုင်ငံရဲ့ SKII လို့ ပြောပါတယ်။ အရည်အသွေးအရမ်းကောင်းတယ်လို့ ပြောပြီး သူကိုယ်တိုင်လည်း ဒါပဲ သုံးတယ်လို့ ကြေငြာပါတယ်။ ကိုရီးယားနိုင်ငံထဲမှာပဲ ၀ယ်လို့ရပါတယ်။ ဒါပေမယ့် qoo10 မှာ ရှာကြည့်တော့ တွေ့ပါတယ်။ ဈေးအနေနဲ့ပြောရရင် ဈေးကြီးပါတယ်။ ပစ္စည်းအရည်အသွေးအနေနဲ့ ပြောရရင်လည်း ကောင်းတယ်၊ ကြိုက်တယ်လို့ ပြောရမှာပါ။

The odbo Aqua Soothing Silky Essence - အမှန်ပြောရရင်  SKII နဲ့ facial treatment essence ထက်ပိုကြိုက်ပါတယ်။ SKII treatment essence က သိပ်မနှစ်မြို့စရာ အနံ့နဲနဲရှိပါတယ်။ odbo ကတော့ အနံ့မရှိပါ။ လိမ်းလိုက်တဲ့အခါ မျက်နှာကို ချက်ချင်း ကြည်လင်းဝင်းပသွားစေပါတယ်။ ပြသနာက ခဏလေးနဲ့ အကုန်မြန်တာပါပဲ။ ဈေးကလည်း ကြီး၊ အကုန်လည်းမြန်ဆိုတော့ ကုန်သွားပြီးကတည်း မ၀ယ်ဖြစ်တော့ပါဘူး။

The odbo Peeling Gel - တခြား peeling gel တွေ မသုံးဖူးတော့ ဒီသုံးဖူးတဲ့တစ်ခုပဲ ကောင်းတယ်ပြောရတော့မှာပါ။ တစ်ပတ်တစ်ခါသုံးဖို့ တိုက်တွန်းထားပေမယ့် တစ်လတစ်ခါတောင် မသုံးဖြစ်ပါဘူး။

The odbo Sleeping Pack - ဒါကတော့ ခုထိ ဗူးအသစ်ပါပဲ။ sleeping pack အနေနဲ့ Laneige sleeping pack က ခုချိန်ထိ မကုန်သေးတော့ ဒါကို ဖွင့်ကို မဖွင့်ရသေးပါဘူး။

2 comments:

  1. လာလည်သွားပါတယ်ခင်ဗျာ၊ ဘလော့ဂါတွေနည်းလာပြီ၊ ကြိုးစားပါ :)

    ReplyDelete
    Replies
    1. လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

      Delete

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...