ဝက်နံရိုးကြော်

ကိုရီးယားခရီးစဉ်ကို ရေးရမှာ ပျင်းနေတာနဲ့ လွယ်လွယ်ကူကူ ဟင်းချက်နည်းနဲ့ပဲ ဂဠုန် ဆားချက်လိုက်ပါတယ်။

ပါဝင်သောပစ္စည်းများ
ဝက်နံရိုး
ပဲငံပြာရည် အကြည် အနည်းငယ်
ပဲငံပြာရည် အနောက် အနည်းငယ်
ခရုဆီ အနည်းငယ်
ကြက်ဥ ၃ လုံး
ရွှေကြည်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း



ဝက်နံရိုးကို ခရုဆီ၊ ပဲငံပြာရည် အကြည်၊ အနောက်တို့နဲ့ နယ်ထားပါ။ 

ကြက်ဥ နဲ့ ရွှေကြည်မှုန့်တို့ကို ပန်းကန်တစ်ခုထဲ ထည့်ပါ။

ကြက်ဥနှင့် ရွှေကြည်မှုန့် သေချာရောသွားသည်အထိ ဇွန်းနဲ့ခေါက်ပါ။

ဒယ်အိုးထဲကို ဆီထည့်ပြီး ပူအောင်တည်ပါ။
ဆီပူလာသောအခါ ခေါက်ထားသော ကြက်ဥအရည်ထဲသို့ ၀က်နံရိုးကို တစ်ခုချင်းစီ နှစ်ပြီး ဆီပူထဲ ထည့်ကြော်ပါ။ တစ်ဖက်ကျက်လျှင် နောက်တစ်ဖက်သို့လှန်ပေးပါ။

ဝက်နံရိုးကြော်ပူပူကြွပ်ကြွပ်လေး ရပါပြီ။
အမြင်မလှပေမယ့် အရမ်းအရသာရှိပါတယ်။


ပဲသီးသုပ် (ပဲတောင့်ရှည်)

ငယ်ငယ်တုန်းက ခဏခဏစားရတဲ့ ဟင်းလျာပါ။ အမေက အသုပ်နဲ့ ဟင်းချို ကြိုက်တဲ့သူမို့ သူချက်ရင် အသုပ်တစ်မျိုးမျိုး ဒါမှမဟုတ် ဟင်းချို အမြဲပါပါတယ်။ ပဲတောင့်ရှည်သီးကို ပြုတ် ထောင်းပြီးမှသုတ်ပါတယ်။

ပါဝင်သောပစ္စည်းများ
ပဲတောင့်ရှည် တစ်စည်း
ကြက်သွန်နီဆီချက်
မြေပဲလှော်ထောင်း (သို့) ပဲမှုန့်အကျက်မှုန့်
ဆားအနည်းငယ်
ငံပြာရည်အနည်းငယ်
သံပုရာသီး တစ်စိတ်
ကြက်သွန်နီ ဥကြီးတစ်လုံး
ငရုတ်သီး အကျက်မှုန့်



ရေနွေးပွက်ပွက်ဆူထဲကို ပဲတောင့်ရှည်သီး ထည့်ပြုတ်ပါ။ ပုံမှန် လှီးပြီးသုပ်စားရင် ခပ်စိမ်းစိမ်း မာမာအနေအထားမှာ ပြန်ဆယ်တာ ကောင်းပေမယ့် အခုက ထောင်းပြီးသုပ်မှာမို့ နဲနဲ ပျော့တဲ့အထိထားပြီးမှ ဆယ်ပါတယ်။ ဆယ်ထားတဲ့ ပဲတောင့်ရှည်တွေကို ရေစစ်၊ ပြီး ငရုတ်ဆုံနဲ့ ထောင်းထားပါတယ်။ 


ဆီချက်ချက်ဖို့ ကြက်သွန်နီခွာပါတယ်။ အသေးနှစ်လုံးက ဆီချက်ချက်ဖို့ ဖြစ်ပြီး၊ အကြီးတစ်လုံးက အသုပ်ထဲ လှီးထည့်ဖို့ ဖြစ်ပါတယ်။

 အိမ်မှာ ရှိတဲ့ မြေပဲကို လှော်ပါတယ်။ ဒီအဆင့်ကတော့ တော်တော်များများအနေနဲ့ လှော်ပြီးသားမြေပဲဝယ်လိုက်ရင် လုပ်စရာ မလိုတော့ပါဘူး။ ကိုယ်ကတော့ မြေပဲကို အစိမ်းဝယ်ထားပြီး စားချင်တဲ့အချိန်လှော်စားတာ များပါတယ်။ မြေပဲလှော်ရင် အညာမှာတော့ သဲထည့်လှော်ပြီး၊ ရန်ကုန်မှာတော့ ဆားထည့်လှော်ပါတယ်။ မြေပဲကို တိုက်ရိုက် အပူသက်သာအောင်လို့ ထင်ပါတယ်။ မြေပဲလှော်ရင် ဖျစ်ဖျစ် အသံပျောက်တာနဲ့ မီးပိတ်လိုက်ရင် အတော်ပါပဲ။

ပြီးဆီချက်ချက်ပါတယ်။

 ကဲထည့်စရာ အမယ်တွေ စုံပြီဆိုတော့ စသုပ်ပါတော့မယ်။


ထောင်းထားတဲ့ ပဲတောင့်ရှည်ထဲကို ကြက်သွန်နီပါးပါးလှီးထည့်၊ မြေပဲလှော်ထောင်းထည့်၊ ဆီချက်၊ ဆားအနည်းငယ်၊ ငံပြာရည်အနည်းငယ်၊ ငရုတ်သီးအကျက်မှုန့်၊ သံပုရာသီးတစ်စိတ် ညှစ်ထည့်ပြီး နယ်လိုက်ရုံပါပဲ။

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...